နောက်ပိုင်းလေ့လာချက်တွေအရ ပုံမှန်အာသာဖြေမှုပြုလုပ်မယ်ဆိုရင် ဆီးကျိတ်ကင်ဆာရောဂါမဖြစ်ပွားစေနိုင်ကြောင်းတွေ့ရှိရပါတယ် အာသာဖြေတယ်ဆိုတာကတော့ တစ်ကိုယ်ရေအာသာဖြေမှုတင်မကပဲ အမျိုးသမီးနဲ့ အတူအာသာဖြေခြင်းလည်း ပါဝင်ပါတယ်ပြီးတော့ ဒီလေ့လာမှုကိုလုပ်ခဲ့တဲ့သူတွေဟာ ဟားဗက်ဆေးပညာကျောင်းက သုတေသနအဖွဲ့ပဲဖြစ်ပါတယ်
စစ်တမ်းအရ တစ်လကို ၂၁ ကြိမ်လောက်အာသာဖြေလေ့ရှိတဲ့အမျိုးသားတွေဟာ
တစ်လကို ၄ ကြိမ်မှ ၇ ကြိမ်လောက်လာအာသာဖြေလေ့ရှိတဲ့အမျိုးသားတွေထက်
ဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်မှု ၂၂ ရာခိုင်နှုန်းလျော့နည်းနေကြောင်းတွေ့ရပါတယ်
ရလဒ်တွေကတော့ အားစရာပါပဲ လို့ သုတေသနပညာရှင်တွေကပြောကြားခဲ့ပါတယ်
ဒီစစ်ဆေးမှုဟာ လူပေါင်း ၃၂၀၀၀ လောက်ကို ၁၈ နှစ်တာအတွင်းစောင့်ကြည့်နေခဲ့တာဖြစ်ပြီးတော့
၃၈၃၉ ယောက်ဟာဆီးကြိတ်ကင်ဆာဖြစ်ပွားလာတာကိုတွေ့ရှိရပါတယ်
အသက် ၂၀ ကနေ ၂၉ နှစ်အတွင်းနဲ့ ၄၀ က ၄၉ နှစ်အတွင်း အမျိုးသားတွေကို သူတို့တစ်လကို
ဘယ်နှကြိမ်လောက်အာသာဖြေလေ့ရှိလဲလို့မေးမြန်းခဲ့ပါတယ်
ရလဒ်ကတော့ များများအာသာဖြေလေ့ရှိတဲ့သူက ဆီးကြိတ်ကင်ဆာဖြစ်ပွားနှုန်းလျော့လေလေပဲဖြစ်ပါတယ်
ဟားဗက်ဆေးတက္ကသိုလ်မှ ဒေါက်တာ Jennifer Rider ကတော့
“ဒီအချက်အလက်တွေဟာ ဆီးကြိတ်ကင်ဆာရောဂါအပေါ်မှာ အာသာဖြေမှုကဘယ်လိုမျိုးသက်ရောက်မှုရှိလဲဆိုတာ ကိုလေ့လာထားတာပါ
စစ်တမ်းတွေကိုလေ့လာပြီးတဲ့နောက်မှာတော့ ကင်ဆာကာကွယ်တဲ့နေရာမှာ သိသိသာသာအကျိုးရှိစေတဲ့အချက်ဖြစ်ကြောင်းတွေ့ရပါတယ်
ဆီးကြိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ချပေးနိုင်မယ့် တခြားနည်းလမ်းတွေလည်းမတွေ့သေးတော့
အခုသိထားရတဲ့ ရလဒ်ဟာ အားရစရာတစ်ခုပါပဲ” လို့ပြောခဲ့ပါတယ်
ဆီးကြိတ်ကင်ဆာရောဂါဟာအမျိုးသားကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေတုန်းပါပဲ
Cancer.org မှာဖော်ပြထားချက်အရတော့
” အမေရိကန်မှာ ဆီးကြိတ်ကင်ဆာကြောင့်သေဆုံးသူဦးရေဟာ အဆုတ်ရောဂါကြောင့်သေဆုံးဦးနေရေနီးပါးရှိပြီးတော့
ဒီရောဂါဟာ ဒုတိယအဖြစ်အများဆုံးကင်ဆာတစ်ခုဖြစ်နေပါတယ် “တဲ့
အမျိုးသား ၄၁ ယောက်မှာ ၁ ယောက်ဟာ ဆီးကြိတ်ကင်ဆာရောဂါကြောင့်သေဆုံးနေရကြောင်းလည်းပြောပြထားပါတယ်
ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ သေချာမသိနိုင်သေးပေမယ့် အသက်အရွက်ကြီးမြင့်မှုကလည်း ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်
အခုချိန်မှာတော့ ဟားဗက်ကလေ့လာမှုအရ အမျိုးသားတွေအတွက် အိပ်ယာထဲမှာအလုပ်များစေမယ့်အကြောင်းပြချက်တစ်ခုရလာတာပေါ့
သိတယ်မလား…ရောဂါမဖြစ်အောင်ကာကွယ်တဲ့လေ့ကျင့်ခန်းပေါ့….