FAQs

(1) Okamoto ကွန်ဒုံးကို ဘယ်လိုနေရာမှာ ထားသင့်သလဲ?

အေး၍ ခြောက်သွေ့ပြီး နေရောင်ခြည်တိုက်ရိုက် မကျသော နေရာတွေမှာထားသင့်ပါတယ်။

(2) Okamoto Condom ကို တခြား ချောဆီတွေနဲ့ ရောသုံးလို့ရပါသလား?

ရေကို အခြေခံပြီးထုတ်ထားတဲ့ ချောဆီဆိုရင်တော့ ရပါတယ်။ ဆီကိုအခြေခံပြီးထုတ်ထားတဲ့ ချောဆီ (သို့) တခြား organic ပစ္စည်းတွေကတော့ ကွန်ဒုံးကို ပျက်စီးစေနိုင်ပါတယ်။

(3) Okamoto ကွန်ဒုံးတစ်ခုကို ဘယ်နှကြိမ်ထိ အသုံးပြုလို့ရပါသလဲ?

ကွန်ဒုံးတွေအားလုံးက တစ်ခါသာ သုံး၍ရပါသည်။ ။အကြိမ်ကြိမ် အသုံးပြုခြင်းသည် လိင်ဆက်ဆံနေစဉ်အတွင်း ကွန်ဒုံးကျွတ်ထွက်ခြင်း ကွန်ဒုံးကိုပေါက်ပြဲစေနိုင်ခြင်းများဖြစ်စေပြီး ကူးဆက်ရောဂါဖြစ်ပွားစေသည့် ရာခိုင်နှုန်း မြင့်စေပါသည်။

(4) Okamoto ကွန်ဒုံးများသည် 100 ရာခိုင်နှုန်း စိတ်ချရပါသလား။

မည်သည့် သန္ဓေတားနည်းမဆို 100 ရာခိုင်နှုန်း စိတ်မချရပါဘူး။ သို့သော်လည်း Okamoto ကွန်ဒုံးတွေက ကိုယ်ဝန်ရခြင်းကို ကာကွယ်ပေးနိုင်ပြီး HIV ပိုး နှင့် လိင်ဆက်ဆံခြင်းမှတဆင့် ကူးဆက်စေနိုင်သော ရောဂါပိုးမွှားများကူးဆက်ခြင်းကို လျော့ကျစေပါတယ်။